တို့ကတော့ ခွပ်ဒေါင်းပဲ
စိတ်ဓါတ်ကတော့ ခွပ်ဒေါင်းစိတ်ဓါတ် ရဲရင့်တယ် ပြတ်သားတယ် ရင်ဆိုင်ရဲတယ် ............ (ဒါပေမယ့်) မယုတ်မာဘူး မကောက်ကျစ်ဘူး အမှားနဲ့အမှန် အလင်းနဲ့အမှောင် အဆိုးနဲ့အကောင်း ဘယ်လိုပဲ ဒွန်တွဲနေနေ ပတ္တမြားမှန်ရင် နွံမနစ်ဘူး ခွပ်ဒေါင်းမှန်ရင် အလံမလဲဘူး ဘယ်သူ့အတွက်လည်း ပြည်သူ့အတွက်ပဲ . . . . . နေဘိုအောင် (ငါးသိုင်းချောင်း)
|
ဒီမှာ သူငယ်ချင်း . . . .
အဖေနဲ့သမီး သမီးနဲ့အဖေ ဘာတွေများ ကွာခြားနေလို့လည်း . . . . ? အမေး “ ကွက်ရှင် ” ထုတ် အဖြေပုစ္ဆာဖွက်မထားဘူး ရုပ်နာမ် နှစ်ပါးနဲ့ ခွဲခြား ခန္ဒာငါးပါးနဲ့တည်ဆောက် ညီမျှခြင်း ထောက်ကြည့်လိုက်စမ်း ဒီသွေးသား ဒီစိတ်ဓါတ်ပဲ ဒူးမထောက် လက်မြှောက် နောက်ဆုတ်တတ်တဲ့အဖေ . . . သမီးမြတ်ကိုမွေးခဲ့ပြီ ။ သူငယ်ချင်း မင်းဘာငြင်းမလည်း . . . . .။ နေဘိုအောင် (ငါးသိုင်းချောင်း)
|
ပုသိမ်သူသို့ စွဲလမ်းသံယောဇဉ်နဲ့
|
ဟောဟိုမှာ လူတစ်စု .... ဒီမှာလူတစ်စု
ဒီလူစုကဘာလည်း . . . ဘာလုပ်နေကြတာလည်း ငါ့နှယ် . . . ဇရာဖိဆီး မျက်စိမှုံမှိုင်း နာကထိုင်းနဲ့ ဟေ့ . . . ဟေ့ မြေးလေး အဲ့ဒါဘာလည်း။ သြော် . . . အိုးဝေတဲ့လား တောက်တစ်ချက်တော့ ခေါက်မိတယ်။ ငယ်ဘ၀ကို တမ်းတ ဇရာကို ဒေါပွမိတယ် ငါအိုပေမယ့် အိုးဝေကတော့ ဘယ်တော့မှ မအိုပါဘူး . . . . . နေဘိုအောင် (ငါးသိုင်းချောင်း)
|
တာတန်ခူးမို့ အလှထူးတယ်
ပိတောက်ဖူးတွေ..ရယ် စိမ်းစိုအေးမြ...သင်္ကြန်ရေဖျန်း ၀ါရွှေ နုလို့....လန်း အတာကူးတဲ့ နှစ်ဦးမယ် အချစ်ဦးလေးနဲ့....လည် ရေတွေစိုလို့...ခိုက်တုန်ချမ်း ရင်ခွင်နန်းမှာ....မြန်း ချစ်သူနွေးဖို့ ဖက်ထားမယ် ရှက်သွေးလေးများ....ကြွယ် ပုဝါပါးလေး ခြုံကာ....လွှမ်း အနမ်းလေးများ...ကြမ်း စိတ်ဆိုးကာ...မူယာကျော့ ပိတောက်ပန်းနဲ့ချော့....ချစ်ဦးပန်ဖို့ပေါ့....… ချစ်ရသူလှိုင်မင်း
[email protected]
ချစ်ရသူလှိုင်မင်း
|
အနမ်းတစ်ခါ မဆုံပေမယ့်
အလွမ်းတစ်ရာ ကြုံခဲ့ရပြီ.......။ ချစ်မိရင်ခွင်...အပြစ်ဟု သခင်မြင် ခါးသက်သက် ငါ့အသည်း ဓါးထက်ထက်နဲ့ ခွဲ နင်.....ချိုမြိန်ပါရဲ့လားကွယ်......။ တစ်မိုးအောက်မှာ တစ်ယောက်ထဲ နင့် အတွက်ဆို မဖောက်လွှဲ အကြောက်နည်းလို့ ချောက်ထဲလည်းဆင်းရဲခဲ့ပါတယ်အချစ်ရယ်.....။ သူရွှင်ပျဖို့ ...ဘ၀အနာ ခဏတာ......မေ့ သူပျော်ရင်....ပြုံး၊ သူမဲ့ရင်...ပုန်း မျက်ရည်ဖုံးလွှမ်း၊ သည်းနွမ်း ဒဏ်ချက် သေချာဝှက်လို့ မြတ်နိုးနွေးထွေး၊ ကြည့်ရင်း..ငေးပြီ ချစ်မိသည်။ ဒီကောင့်..အသည်း ပူ..လောင်...ကွဲလို့ အမှောင်ထဲမှာ....အတောင်မွဲနဲ့ တစ်ကောင်တည်း ပျံသန်း ငါဆိုတဲ့ လူကြမ်း ရင်နှစ်ခြမ်းလည်းဗျန်းဗျန်းကွဲခဲ့ရပြီ....။ သောက အပူရုပ် ဒေါသ မထုတ်၊ မောဟကို....ချုပ် သံယောဇဉ် လက်တွဲ ဖြုတ်လို့ မုန်းနေသမျှ၊ နှလုံးကြွေကျ ရှုံးနေရမယ့် အတူတူ၊ မျက်ရည်ကိုထိန်း စိတ်ကို ငြိမ်း(ငြှိမ်း....၍) ဘယ်လောက်ဝေးစေ...မေတ္တာပေးမယ် မွှေးစေ....အေးစေ....ငြိမ်းစေကွယ်.........။ ချစ်ရသူလိုင်မင်း
|
ဒီသင်္ကြန်မှာ ကြင်သူမေရယ်....ဘယ်ရပ်မှာကွယ် ငါရှာဖွေတယ်....ပူလောင်ခြင်းတွေ ပြေစေဖို.ရာ...အတာရေစင် ပက်ဖျန်းလို.လေ....သူရယ်ကိုယ်ရယ် ဆုံစဉ်ခဏ....မုန်.လုံးရေပေါ် ခွံ.လို.ကျွေးမယ်...ကြင်နာခြင်းရဲ. ချစ်သက်သေဖြစ်...ခိုင်မြဲစေမယ် သင်္ကြန်ခါဝယ်...သူရယ်ကိုယ်ရယ် ပိတောက်ဝါရယ်...ပန်ဆင်ပေးမယ် ချစ်သက်သေကွယ်... ဒီသင်္ကြန်မှာ ကြင်သူမေရယ်....ဘယ်ရပ်မှာကွယ် ငါရှာဖွေတယ်....ပူလောင်ခြင်းတွေ ပြေစေဖို.ရာ...အတာရေစင် ပက်ဖျန်းလို.လေ....သူရယ်ကိုယ်ရယ် ဆုံစဉ်ခဏ....မုန်.လုံးရေပေါ် ခွံ.လို.ကျွေးမယ်...ကြင်နာခြင်းရဲ. ချစ်သက်သေဖြစ်...ခိုင်မြဲစေမယ် သင်္ကြန်ခါဝယ်...သူရယ်ကိုယ်ရယ် ပိတောက်ဝါရယ်...ပန်ဆင်ပေးမယ် ချစ်သက်သေကွယ်...
ကိုကိုရုပ်ကစိုး
ငသိုင်းချောင်း ထွက်ခွာသွားသူကမေ့နိုင်ပေမဲ့
ကျန်ရစ်သူဆိုတာအမေ့ခက် ယနေ့တိုင်သတိရနေဆဲ ဘယ်ဘ၀က၀ဋ်ကြွေး ဖန်လာလေတယ်မသိ အမုန်းဆေးတွေသုံးလို့ အကြင်နာစိတ်သုဉ်းတဲ့မြားတစ်စင်းနဲ့ ပစ်ခွင်းခံခဲ့ရတဲ့ငါ့နှလုံးသား ဒဏ်ရာတွေနဲ့မို့ ဟန်ဆောင်လို့တောင်မပြုံးနိုင် ခပ်မှိုင်မှီုင်လေးငိုင်ရင်း ကြွေမွသွားတဲ့အသည်းနှလုံးရဲ့ အသဲကွဲရှိုက်သံက နံရံတွေမှာပဲ့တင်ထပ်လို့ ရင်ခွင်တစ်ခုလုံးနာကျင်နေရပြီ.....ချစ်သူရေးးးးးးးးးးးးးးးးးးးးးးးးးးးးး… လွမ်းရတဲ့ညအခါ အဖေ့မျက်နှာ
သားအချိန်ကြာကြာရှာပါသေးတယ်။ . . . အဖေ........ အနေကြာဝေးကွာခဲ့ပေမယ့် မဖြေသာအတွေးကွန်ချာမှာတော့ ဝေဒနာတစ်ရေးနိုး နိုးထစမ်းချင်လိုက်တာ အဖေ။ " လ " ကို " နှစ် " တိုက်စား " ရက် " တွေကို "လ "ဝါးမြိုရင်း ကြီးပြင်းခဲ့ရ ယခုကာလမှာ သားအသက် (၂၇)နှစ်တင်းတင်းပြည့်တော့မယ် အဖေ။ အဖေဟာ....... အိမ်ခေါင်မိုး သားတို့ကိုလုံခြုံမှုပေးရင်း အမေ့ကိုအဖေါ်ပြု လဝန်းကိုအံတုရင်ဆိုင် မိသားစုမာန်တိုင်မှာ အင်အားကြီးခဲ့ဖူးတဲ့အဖေပါ။ ရိုးသား ကြိုးစား အဖေ့ရဲ့အသွေးအသားတွေနဲ့  သားတို့ ရဲ့ဘဝ လို တ ရ အိပ်မက် အဖေပေးမက်ခဲ့ဖူးပါတယ်နော်။ အတိတ်ရဲ့ရွှေရောင်အိပ်မက် အဖေပေးမက်ကြည့်တဲ့ကာလ သားလူလားမမြောက်သေးတာမို့ သေချာတဲ့အတွေးထဲမှာ အမေပြောလို့  သား အမောပြေခဲ့ ရတယ် အဖေ။ အဖေ....... ကောင်းကင်ကိုတမ်းတ လွမ်းရတဲ့ညအခါ အဖေ့မျက်နှာ သားအချိန်ကြာကြာရှာပါသေးတယ်။ အဖေ........ သားနှစ်ခြိုက်စွာ အိပ်ပျော်တဲ့အခါ အဖေ့မျက်နှာအိပ်မက်မှာ နာရီပေါင်းများစွာ ရှာပါသေးတယ်။ အဖေ........ တစ်ခါတစ်ခေါက်တော့  အိပ်မက်ကိုတံခါးခေါက် အဖေလှမ်းလျှောက်လာတာ မြင်ချင်မိတယ်။ အဖေ........ ညမိုက်ကိုလှမ်းကြည့်အခိုက် အရိပ်ထဲမှာ အဖေ့ခြေရာမြင်ချင်မိတယ်။ အခုနေမှာတော့ဖြင့် ........ လေသင့်ရာယိမ်း မထိမ်းနိုင်ယိမ်းယိုင်နေတဲ့ သားတို့ရဲ့အိမ်ထဲမှာ ပူဆွေးဗျာပါဒတွေ အဖေပြန်လာကြည့် စေချင်ပါတယ်။ တစ်ခါတစ်ခါ လရိပ်ကိုအမှီပြု မျက်နှာဖုံးအတုတွေနဲ့  အဖေပေးတဲ့အမွေတွေကို ရိုင်းပြစွာလုယူဖို့  တိမ်ထုတွေတက်လာတဲ့အခါ အဖေ့ရဲ့ဓားနဲ့ သား တစ်အားခုတ်ပိုင်းချင်မိတယ် အဖေ။ ဒါပေမယ့် အဖေ...... အဖေမဲ့သားတို့ဘဝ ညခင်းမှာ လမင်းဆယ်စင်းသာပါလျှင်လည်း အဘယ်သို့ပင် တင့်တယ်နိုင်ပါ့မလဲ ........အဖေ။
|
ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း ရင်တွင်းကအချစ်ဒဏ်ရာ နေ တပျောက်ပေမယ့် သေလောက်အောင်ခံစားတယ်... ကောင်းကင်ကရေတပေါက် ခမ်းခြောက်တာပပျောက်စေပေမယ့် ရင်တွင်းကအလွမ်းမိုး နွမ်းညိုးတာကိုပိုစေတယ် ။ ကောင်းကင်ကလတစင်း အရာရာကိုထွန်းလင်းစေပေမယ့် ရင်းတွင်းကချစ်သူ့ပုံရိပ် အလုံပိတ်ထားတာတောင် လင်းလက်အေးမြခြင်းတွေကို ဆောင်နှင်းပေးနိုင်တယ်။ ကောင်းကင်ကအဟောင်းတွေကို အသစ်မဖြစ်နိုင်ပေမယ့် ရင်တွင်းမှချစ်ခြင်းများကို ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့ မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင်ပါဟာ...။။။ ချစ်ရသူလှိုင်မင်း
နှုတ်တစ်ရာ စာတစ်လုံးမို့
ချစ်တာကို စာစီကုံးမိတယ်...။ ဝေဒနာတွေ ဖြေသာစရာရှားပါးသူမို့ အမုန်းမလို အပြုံးသာဆို ချစ်ပိုလွန်ကဲ တစ်ယောက်ထဲအမြဲ အသည်းထဲပစ် စွဲလမ်းချစ်မယ် ယုံလိုက်ကွယ်......။ အပျော်ချစ်ကာ အဖော်အသစ်မရှာဘဲ ကျွန်တော်သစ္စာထားပါ့မယ် ချစ်တာကို အပြစ်မရှာပါနဲ့လား အသည်းရယ်....။ မခွဲတမ်းတစ်သက် စွဲလမ်းလျက်မို့ အမြဲတမ်းမပျက် စကားဆိုချင်လည်း အကြွားပိုတယ်ထင်မှာစိုးသမို့ နှုတ်တစ်ရာ စာတစ်လုံး ချစ်တာကို စာစီကုံးလိုက်တော့တယ် ကိုယ် မင်းကို အရမ်းချစ် ဒီလင့်လေးမှာသွားပြီးဒေါင်းထားရင်အွန်လိုင်းကလွှင့်တဲ့
|
းးးးးးးးးးးးးးးးးးးးးးးးးအလွမ်းညတွေ လွန်ပါစေတော လမင်းရယ်းးးးးးးးးးးးးးးးးးးးးးးးး
■ နင်မရှိတဲ့ ငါ့ကမ္ဘာ အလွမ်းတွေနဲ့ ခြောက်ကပ်လို့ တိတ်ဆိတ်တဲ့ ညအမှောင်မှာ အဖော်မပါ တကိုယ်တည်းလမ်းလျှောက် ကြယ်တွေလဲ ပျောက်နေခဲ့ပြီ■ ■ လမင်းလေး ရဲ့ငိုရှိုက်သံ နင် ကြားခဲ့မယ်ဆိုရင် ငါ့ ကိုခပ်ပါးပါး လေးသတိရပေးပါ ငါ့ အလွမ်းတွေတိုင်တည် လွန်းလို့ လမင်းလေး တောင်ဝမ်းနည်းနေတတ်ခဲ့ပြီလေ■ ■ ပြန်မဆုံနိုင်တဲ့လမ်း ကိုယ်စီရွေးချယ် ခဲ့ပြီးမှ ရလာခဲ့တဲ့ နောင်တတချို့ကို မာဏလေးက အံတုလို့ နောက်ထပ်လဲ မကန်းတော့အောင် အားပေး နေကြလေရဲ့ ■ ■ အလွမ်းတွေနဲ့ ကန်းနေတဲ့ငါ့အချစ်တွေကို နောက်တကြိမ်ပြန်လည် ရှင်သန်ခွင့်ရှိရင် ငါ့ကိုချစ်တဲ့သူ ငါကချစ်တဲ့သူသာ ဆုံဆည်းပါ ရစေလို့ လမင်းလေးကို တိုးတိုးလေးပြောလိုက်မိတယ်■ ( ချစ်ရသူ လိုင်မင်း)
|
|
းးးးးးးးးးးးးးးးးး ပိတောက်နဲ့ အတူးးးးးးးးးးးးးးးးနောက်တစ်ခေါက် နွေလဲ ရောက်ပြန်ပြီ.....
|
အလှမ်းဝေးတဲ့ ပန်းကလေးတစ်ပွင့်ရယ်
လှမ်းဆွတ်ဖို့ရာ မ၀ံ့သာတယ် ကြံရွယ်ရည်စူး မောင့်စိတ်ကူးဝယ် ပင်ထက်နန်းမြင့် ပန်းကလေးတစ်ပွင့်မို့ စိုးရွံ့အားငယ် ဖြစ်နေမိတယ် အလှကြည့်ရင်း ငေးမောမိလည်း ရင်ခုန်ရတာ ခဏခဏဘဲလေ တဒင်္ဂလေး အခိုက်တန့်တွင်းမှာ မောင့်အသွေးသားတွေ တုန်ခါနေတယ် မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးးး ဒါကြောင့်မို့ကွယ် အချစ်တွေက တိုးတိုးလာတယ် ဖွင့်ပြောရန်လည်း ကြောက်နေမိတယ် မောင်ရွယ်စူးတဲ့ ကျော့မူးသဇင်ရယ် အနှိမ့်အမြင့် လောကဓမ္မတာပါ အချစ်ဆိုတာ ဟောင်းနွမ်းဆွေးမြေ့ မရှိနိုင်ဘူး ပို၍ပို၍ သစ်သစ်လာတယ် မောင့်နှလုံးခုန်သံ စည်းချက်တိုင်းမှာ ချစ်တယ်ချစ်တယ်တဲ့ ကြာရင်မလွယ်ဘူး ရူးသွားနိင်တယ် မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးး ၀သုန်မြေထု သက်သေပြုမယ် ဘဒ္ဒကမ္ဘာ ပျက်စီးပါလည်း မယွင်းအချစ် ရင်မှဖြစ်လို့ ကျန်ရစ်သူအဖြစ် မောင့်မဖြစ်ပါနဲ့ မောင့်တစ်ပွင့်ပန်းရယ်းးးးးးးးးးးးးးးးးးးးး |
အတာအလွမ်း
သင်္ကြန် နှစ်ကူး ဆော်ကာမြူး လေရူးတစ်သုန်သုန် လွမ်းခဲ့သမျှ ချိန်ကာလ တာဦးနွေံသင်္ကြန် ရေလောင်းေ၇ပက်ခံချိန်ဝယ် ကိုယ်တို့ပျော်စေဖွယ် အခုတော့လည်း ရေမြေခြား အတာသင်္ကြန်ခပ်ခါး ခါး...ခါးနိုင်လွန်းတဲ့တာသင်္ကြန် ရင်နင့်ဖွင့်ဟမယ် မျှော်ရမ်းမှန်းဆ ဒေသကြမ်း အတာသင်္ကြန် ခပ်လွမ်းလွမ်း
ချစ်ကိုကြီးဇွဲ
====== လွမ်းတယ်အမေ =======
မွေးရပ်မြေမှ အမေနဲ့ဝေးကွာ
စွန့်ခွာလို့သွား တိုင်းတစ်ပါးမှာ
လွမ်းရက်ရှည်ရှည် သား မပျော်ဘူး အမေ
မွေးရပ်မြေနဲ့ အမေ့အိမ်သို့သာ
သတိရလေတိုင်း မျက်ရည်ဝိုင်းလို့
အရာရာတိုင်းဟာ လွမ်းမဆုံးနိင်ပါ
ကံတရားကပေး
ဒီလမ်းကလေးမှာ
လျှောက်လှမ်းကာနေ အောင်မြင်သောဘဝ
မဝေးသောပန်းတိုင် မနက်ဖန်တိုင်းကို
ရောက်လုသော်လည်း သား လွမ်းတယ် အမေ
သားမောင်ရည်မှန်း မျှော်လင့်ချက်များ
ဖြစ်သောနေ့ဝယ် အပြေးလှမ်းလို့
ကျေးဇူးရှင်အတွက်ေ၇ာင်ပြန်မေတ္တာ
တစ်လှည့်ပြန်ပြီ လုပ်ကြွေးရပါစေ
မကြာသောတစ်နေ့ မေတ္တာနွေးထွေး
လုံခြုံပေးစွမ်း အမေ့အိမ်လမ်းသို့
ကျေးဇူးဆပ်ရန် အေ၇ာက်ပြန်လာမယ်
သားမောင်အမေ့ ပြုံးလိုက်တိုင်းမလေ
အကြင်နာပန်းတွေ ခဏခဏဝေဆဲ
သားတို့ကမ္ဘာမြေ အပြုံးနဲ့အလှစဉ်
ချစ်မေမေတိုင်းကို ရင်မှာထာဝရ
အခါခါ သား ဂါရဝ ပြုပါတယ်
ကြိုးပုခတ်ကိုင်လွှဲ လက်ပိုင်ရှင်တိုင်း
ကျန်းမာကြစေ သောကဘေးတွေ
ဝေးပါစေကြောင်း ဆုတောင်းခါခြွေ
အခုတော့ မလေ
မွေးမြေရပ်ခြား အဝေးရောက်သားကို
ခွင့်လွတ်ပေးပါ မေမေရယ်းးးးးးးးးးးးးးးးးးးး
ဤကဗျာလေးဖြင့် ကျေးဖူးရှင်အမေအား အဝေးေ၇ာက်သား ဂါရဝ ပြုပါတယ်
အမေချစ်တဲ့ သားသမီးတိုင်းလည်း ထပ်တူခံစားနိုင်ကြပါစေ။ (ချစ်ရသူလှိုင်မင်း)
စွန့်ခွာလို့သွား တိုင်းတစ်ပါးမှာ
လွမ်းရက်ရှည်ရှည် သား မပျော်ဘူး အမေ
မွေးရပ်မြေနဲ့ အမေ့အိမ်သို့သာ
သတိရလေတိုင်း မျက်ရည်ဝိုင်းလို့
အရာရာတိုင်းဟာ လွမ်းမဆုံးနိင်ပါ
ကံတရားကပေး
ဒီလမ်းကလေးမှာ
လျှောက်လှမ်းကာနေ အောင်မြင်သောဘဝ
မဝေးသောပန်းတိုင် မနက်ဖန်တိုင်းကို
ရောက်လုသော်လည်း သား လွမ်းတယ် အမေ
သားမောင်ရည်မှန်း မျှော်လင့်ချက်များ
ဖြစ်သောနေ့ဝယ် အပြေးလှမ်းလို့
ကျေးဇူးရှင်အတွက်ေ၇ာင်ပြန်မေတ္တာ
တစ်လှည့်ပြန်ပြီ လုပ်ကြွေးရပါစေ
မကြာသောတစ်နေ့ မေတ္တာနွေးထွေး
လုံခြုံပေးစွမ်း အမေ့အိမ်လမ်းသို့
ကျေးဇူးဆပ်ရန် အေ၇ာက်ပြန်လာမယ်
သားမောင်အမေ့ ပြုံးလိုက်တိုင်းမလေ
အကြင်နာပန်းတွေ ခဏခဏဝေဆဲ
သားတို့ကမ္ဘာမြေ အပြုံးနဲ့အလှစဉ်
ချစ်မေမေတိုင်းကို ရင်မှာထာဝရ
အခါခါ သား ဂါရဝ ပြုပါတယ်
ကြိုးပုခတ်ကိုင်လွှဲ လက်ပိုင်ရှင်တိုင်း
ကျန်းမာကြစေ သောကဘေးတွေ
ဝေးပါစေကြောင်း ဆုတောင်းခါခြွေ
အခုတော့ မလေ
မွေးမြေရပ်ခြား အဝေးရောက်သားကို
ခွင့်လွတ်ပေးပါ မေမေရယ်းးးးးးးးးးးးးးးးးးးး
ဤကဗျာလေးဖြင့် ကျေးဖူးရှင်အမေအား အဝေးေ၇ာက်သား ဂါရဝ ပြုပါတယ်
အမေချစ်တဲ့ သားသမီးတိုင်းလည်း ထပ်တူခံစားနိုင်ကြပါစေ။ (ချစ်ရသူလှိုင်မင်း)